လာရောက်အားပေးသောသယ်ချင်းများကျေးဇူးတင်ပါသည်
Tuesday, 16 February 2016
viber နောက်ဆုံးဗားရှင်း
ဒီနေ့ အမတစ်ယောက်တောင်းဆိုထားတာနဲ့ ဒီ viber ဗားရှင်းလေးတင်လိုက်တာ ဒါကတော့နောက်ဆုံးထွက်တဲ့ version လေးပေါ့ဗျာ
Sunday, 7 February 2016
ငါချစ်တဲ့ကောင်မလေးရယ်
လွမ်းတဲ့ ကောင်မလေးရေ……
ငါ့မှာ ရှိသမျှ နေ့ရက်တွေထဲ
မင်းကို မလွမ်းတဲ့ အခါ မရှိရပါဘူးကွယ်…။
ဟော့ ဟိုက……
ရီသံ သဲ့သဲ့လေး ကြားယောင်မိ
ငါ့ နှလုံးသားကို တှုန်လှုပ်စေ
အမြတ်နိုးဆုံး…မင်းရဲ့ ရီသံတစ်ခုပါ…။
လွမ်းတဲ့ ကောင်မလေးရေ……
ချစ်လျက်နဲ့ ဝေးကွာသွားခဲ့i
ငါ့ မျက်ဝန်း တစ်စုံမှာ
မင်း ပျောက်ကွယ်သွားတဲ့ အခါ
မရှိရပါဘူးကွယ်………။
ဟို ရှေ့က အနာဂတ်လမ်းပေါ်မှာ
တိတ်တဆိတ် လျှောက်လှမ်း
ငါ့တို့ရဲ့ အကြင်နာတွေကို
ပစ္စုပ္ပန်က ဆုံဆည်းခွင့်ပေးလိမ့်မယ်……။
လွမ်းတဲ့ ကောင်မလေးရေ……
ငါ့ နံဘေးနားက ချစ်သူ့
မင်းရဲ့ နူးညံ့တဲ့ လက်အစုံကို တွဲဖက်
ထာဝရကို လျှောက်လှမ်းချင်တာ
ငါ့ရဲ့ အမြင်ဆုံးအိပ်မက်ပါကွယ်……။
လွမ်းတဲ့ ကောင်မလေးရေ……
အလွမ်းတွေကို ပျောက်ဖျက်
အချစ်တွေ ခိုင်မြဲအောင်
ငါ့တို့ နီးစပ်ရဖို့အတွက်
ဆုတောင်းပေးပါလားကွယ်……။
ကိုယ့်ကို အချိန်တိုင်းမဟုတ်ရင်တောင်
ခဏတာ သတိရနေပေးပါ……
ကိုယ့်ကတော့ မင်းကို
မေ့လိမ့်မယ် မဟုတ်ပါဘူး……။
နည်းပါးလွန်းတဲ့…ငါ့တို့ရဲ့တွေဆုံချိန်ကို
အတိတ်နေရာတစ်ခုမှာ ထားခဲ့
အကြင်နာဆုံးနဲ့ ပွေ့ဖက်
သံယောဇဉ်တွေ ချည်းနှောင်းလိုက်
ရွေ့လျားနေတဲ့ နာရီကို
ရပ်တန့်ထားလိုက်မယ်………
ထာဝရ တွေဆုံခွင်ရဖို့ပါ
ငါ့သိပ်ချစ်တဲ့ ကောင်မလေးရယ်……။
အားလုံးပျော်ရွှင်ပါစေ
ဧရာဝတီသားလေးကျွန်တော်
Thursday, 4 February 2016
အရမ်းမြန်တဲ့ puffin browser
ဒီနေ့တော့ ဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်တယ်ဗျာ puffin browser ပေါ့ ဒီကောင်က browser ထဲမှာ တော်တော်မြန်တယ်ဗျာ လိုင်းသိပ်မကောင်းတာတောင် တိုက်ရိုက်ဗီဒီယို ကြည့်လို့ရတယ်ဗျ Destop ဆိုက်တောင်ပြောင်းကြည့်လို့ရတယ် မသုံးဘူးသေးရင် သုံးကြည့်ဗျာ လန်ထွက်နေတာပဲ သယ်ချင်းတို့ အကြိုက်တွေ့စေရမယ်ဗျာ
အောက်မှာ ဒေါင်းလုပ် ဆွဲလိုက်တော့ဗျာ
အားလုံးပျော်ရွှင်ပါစေ
ဧရာဝတီသားလေးကျွန်တော်
Wednesday, 3 February 2016
ဖုန်းချင်းကူးလို့မြန်တဲ့ xender
ဒီကောင်လေးကတော့ သူများဖုန်းထဲက သီချင်းတွေ ဗီဒီယိုတွေ ဆော့ဝဲတွေကို မြန်မြန်ကူးလို့ရတဲ့ xender ပါ အားလုံးသိတဲ့အတိုင်းပဲပေါ့ဗျာ မရှိသေးတဲ့သူတွေအတွက် အောက်မှာဒေါင်းနိုင်ပါတယ်ဗျာ
အပေါ်က download here ဆိုတာနှိပ်ပီးဒေါင်းလုပ်ယူပါ
Subscribe to:
Posts (Atom)







